လွတ်မြောက်ခြင်းလား၊ ငြိမ်းချမ်းငြိမ်သက်ခြင်းလား
ကြော်ငြာဆိုင်းဘုတ်မှ “လွတ်မြောက်ခြင်း”ဟု ရေပူကန်တပ်ဆင်ခြင်း၏ အကျိုး ကျေးဇူးများကို ကြေညာသည်။ ၎င်းက ကျွန်တော့်အာရုံကိုဖမ်းစားလျက် အတွေးဝင်စေသည်။ တစ်နေ့နေ့တွင် ရေပူရေချိုးကန်ဝယ်မည်ဟု ကျွန်တော်တို့ဇနီးမောင်နှံ ပြောဖြစ်သည်။ ခြံအနောက်၌ ကန်ကို ဆင်လိုက်လျှင် အပန်းဖြေရသလိုမျိုး ဖြစ်နေမည်။ သန့်ရှင်းရေးပြန်လုပ်ရခြင်းကလွဲလို့ပေါ့။ ထို့နောက် တက်လာမည့်လျှပ်စစ်မီတာခက အတွေးထဲဝင်လာပြီး၊ ချက်ခြင်းဆိုသလို မျှော်လင့်ထားသည့် လွတ်မြောက်ခြင်း ခံစားချက်ထက် ထိုအရာမှလွတ်မြောက်ရန် လိုအပ်သကဲ့သို့ ဖြစ်လာခဲ့သည်။
သို့သော် ထိုစကားလုံးသည် ထိရောက်မှုရှိလှသည်။ အကြောင်းမှာ ကျွန်ုပ်တို့လိုချင်နေသည့် စိတ်သက်သာမှု၊ သက်သောင့် သက်သာရှိမှု၊ လုံခြုံမှုတို့ကို ရစေရမည်ဟု ကတိပေးနေ၍ ဖြစ်သည်။ ‘လွတ်မြောက်ခြင်း’ဆိုသည်မှာ ကျွန်ုပ်တို့၏ခေတ်ယဉ်ကျေးမှုက နည်းအမျိုးမျိုးနှင့် ကျွန်ုပ်တို့ကို ဖြားယောင်း ကျီစယ်နေသည့်အရာဖြစ်သည်။ အနားယူခြင်း (သို့) လှပသည့် တစ်နေရာရာသို့ သွားရောက်ခြင်းသည် အမှားမဟုတ်ပါ။ သို့သော် ဘ၀၏ခက်ခဲမှုများမှ ‘ထွက်ပြေးခြင်း’နှင့် ခက်ခဲမှုများကို ဘုရားရှင်ထံ ‘ယုံကြည် စိတ်ချစွာ…

ခွင့်လွှတ်ခြင်းကို ပုံဖော်ခြင်း
အနီရောင်စတုဂံပုံ ပုံကြမ်းရေးဆွဲကစားသည့် ပလက်စတစ် အော်တိုပုံဆွဲသင်ပုန်းသည် မျက်လှည့်အလားပင်။ ငယ်စဉ်က ထိုကစားစရာကို နာရီပေါင်းများစွာ ကျွန်ုပ်ကစားနိုင်သည်။ ခလုတ်တစ်ခုကို လှည့်လိုက်သည့်အခါ ဖန်သားမျက်နှာပြင်၌ အလျားလိုက်မျဉ်းကြောင်းကို ရေးဆွဲနိုင်သည်။ အခြားခလုတ်တစ်ခုကို လှည့်သော် ဒေါင်လိုက်မျဥ်းကြောင်းပေါ်လာသည်။ ခလုတ်နှစ်ခုကို တစ်ပြိုင်တည်းလှည့်သော အခါ ထောင့်ဖြတ်မျဉ်း၊ စက်ဝိုင်းနှင့် ဆန်းပြားသောဒီဇိုင်းများကို ပေါ်လာသည်။ “Etch A Sketch” (ပုံဖော်ခြင်း) ဟုခေါ်သည့် ထိုကစားစရာကို ဇောက်ထိုးလှန်ကာ အနည်းငယ်လှုပ်လိုက်ပြီး ပြန်တည့်လိုက်ချိန် ဒီဇိုင်းသစ်တစ်ခုဖန်တီးရန် ကျွန်ုပ်ကို အခွင့်အလမ်းပေးသည့် မျက်နှာပြင်အလွတ်တစ်ခု ပေါ်လာခြင်းသည် တကယ့်မျက်လှည့်ပင် ဖြစ်ပေသည်။
ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် ပုံကြမ်းဆွဲသောကစားစရာနှင့် တူသည်။ သခင်သည် ကျွန်ုပ်တို့အပြစ်များကို ချေဖျက်ပေးပြီး ကျွန်ုပ်တို့အတွက် အသစ်သော ပန်းချီကားမျက်နှာပြင်ကို ဖန်တီးပေးသည်။ မိမိကျူးလွန်ခဲ့သည့်အမှားများကို ကျွန်ုပ်တို့သတိရသည့်တိုင် ဘုရားသခင်က ခွင့်လွှတ်ပြီး မေ့လိုက်ရန် ရွေးချယ်သည်။ သူသည် အပြစ်များကို ချေဖျက်ခဲ့ပြီး ကျွန်ုပ်တို့အပေါ်ဗွေမယူပါ။…


ဆေးကြောခဲ့သည်
ကျွန်ုပ်၏သူငယ်ချင်း ဘီလ်က သူ့မိတ်ဆွေ ဂျဲရယ်အား “အလွန်ကြာမြင့်စွာ ဘုရားနှင့် ဝေးနေသူ” ဟုဖော်ပြခဲ့သည်။ သို့သော် တစ်နေ့တွင် ဘီလ်က ဂျဲရယ်အား ဘုရားသခင်၏ချစ်မေတ္တာသည် ကျွန်ုပ်တို့ကို ကယ်တင်ရန် လမ်းစပေးခဲ့ပုံကို ရှင်းပြခဲ့ပြီးနောက် ဂျဲရယ်သည် သခင်ယေရှုကို ယုံကြည်သူဖြစ်လာသည်။ မျက်ရည်များဖြင့် သူသည် အပြစ်မှနောင်တရခဲ့ပြီး သူ့အသက်တာကို ခရစ်တော်ထံ အပ်နှံခဲ့သည်။ အဲဒီနောက် ဘီလ်က မည်သို့ခံစားရသနည်းဟုမေးရာ၊ သူက မျက်ရည်များကိုသုတ်ရင်း “ဆေးကြောပေးပြီးပြီ” ဟု ရိုးရှင်းစွာ ဖြေခဲ့သည်။
တကယ့် အံ့သြဖွယ်တုံ့ပြန်မှုပါ။ ၎င်းသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု ကားတိုင်ပေါ်အသေခံခြင်းကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သော ကယ်တင်ခြင်း၏ အနှစ်သာရ အတိအကျပင်ဖြစ်သည်။ ကောရိန္သုသြဝါဒစာပထမစောင် ၆ တွင် ဘုရားသခင်အား မနာခံမှုသည် သခင်နှင့်ကွဲကွာခြင်းသို့ မည်သို့ဦးတည်သွားသည်ကို ဥပမာပေးပြီးနောက် ရှင်ပေါလုက “ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဥ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြလေပြီ”…

အနီးသို့ ချဥ်းကပ်ပါ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဥ် ဘဏ်အာမခံသေတ္တာအတွင်းမှ ပစ္စည်းတစ်စုံတစ်ခုကို ပြန်လည်ထုတ်ယူရန် ယခင်ကထက် ပိုများသည့် လုပ်ငန်းစဥ်အဆင့်ဆင့်ကို လုပ်ဆောင်ရန် လိုအပ်သည်။ ယခုအခါ ဘဏ်သွားရန်အတွက် ရက်ချိန်းယူရသည်။ ရက်ချိန်းနေ့တွင် ဘဏ်သို့ရောက်လျှင် အထဲသို့ဝင်ခွင့်ရရန် ဖုန်းဖြင့် အကြောင်းကြားရပြီး မှတ်ပုံတင်နှင့်လက်မှတ်ကို ပြရသည်။ တာဝန်ကျဘဏ်ဝန်ထမ်း လာခေါ်မည့်အချိန်ကို စောင့်နေရသည်။ အတွင်းသို့ရောက်သောအခါ သံသေတ္တာအတွင်းရှိ ကျွန်ုပ်လိုချင်သောအရာကို မတွေ့မီအထိ လေးလံသောတံခါးများ ထပ်မံသော့ခတ်ထားသည်။ ညွှန်ကြားချက်များကို ကျွန်ုပ်မလိုက်နာပါက အထဲသို့မဝင်ရောက်နိုင်ပါ။
ဓမ္မဟောင်းကျမ်းတွင် အသန့်ရှင်းဆုံးနေရာဟုခေါ်သော တဲတော်သို့ ဝင်ရောက်ရန် ဘုရားသခင်ချမှတ်သည့် တိကျသော လုပ်ထုံးလုပ်နည်းများရှိသည် (ထွ ၂၆:၃၃)။ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးနေရာကို ပိုင်းခြားသော အထူးကုလားကာနောက် “ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ ... တစ်နှစ်လျှင်တစ်ခါတည်းသာ ဝင်ရ၏” (ဟေဗြဲ ၉:၇)။ အာရုန်နှင့် သူ၏နောက်လိုက် ယဇ်ပုရောဟိတ်မင်းများသည် မဝင်ရောက်မီ ယဇ်ပူဇော်မည့်အရာများ ယူဆောင်ရမည်၊ ရေချိုးရမည်၊ သန့်ရှင်းစင်ကြယ်သောအဝတ်များ…
စစ်မှန်သောမျှော်လင့်ချက်
၁၉၆၀ ခုနှစ်များ၏ အစောပိုင်းကာလများတွင် အမေရိကန်ပြည်ထောင်စုသည် တောက်ပသော အနာဂတ်မျှော်မှန်းချက်နှင့် ပြည့်နေခဲ့သည်။ နုပျိုသော သမ္မတ John F. Kennedy (ဂျွန်အက်ဖ်ကနေဒီ)သည် အသစ်သောနယ်ပယ်၊ ငြိမ်းချမ်းရေးတပ်မနှင့် လကမ္ဘာသို့တက်လှမ်းခြင်း စသည်တို့ကို အစပြုခဲ့သည်။ စီးပွားရေးအခြေအနေ တိုးတက်မှုက လူများစွာအား “ကောင်းသောအချိန်များကို ရွေ့လျားစေ”ခြင်းဖြင့် အနာဂတ်ကို မျှော်လင့်စေခဲ့သည်။ ထို့နောက် ဗီယက်နမ်၌ စစ်ရေးအရှိန်မြင့်လာပြီး အမျိုးသားရေး မငြိမ်မသက်ဖြစ်သည်။ ကနေဒီလုပ်ကြံခံရပြီး ယခင်အကောင်းမြင် လူ့အဖွဲ့အစည်း၏လက်ခံစံနှုန်းများ ဖျက်သိမ်းခံခဲ့ရသည်။ အကောင်းမြင်ဝါဒသည် မလုံလောက်ဟူသည့်အမြင်က ရေပန်းစားလျက် ထင်သလောက် ကျေနပ်ဖွယ် မကောင်းသည့်အမှန်တရားကို လူတို့သိမြင်လာခဲ့ရသည်။
ထို့နောက် ၁၉၆၇ ခုနှစ်တွင် ဘာသာရေးပညာရှင် Jürgen Moltmann (ရူရင် မော့မန်း)၏ ‘A Theology of Hope’ (မျှော်လင့်ခြင်းဆိုင်ရာ ဓမ္မအတွေး)က ပိုမိုရှင်းလင်းသောရူပါရုံကို ညွှန်ပြခဲ့သည်။ ဤလမ်းက အကောင်းမြင်သည့်လမ်းမဟုတ်ဘဲ၊ မျှော်လင့်ချက်လမ်းဖြစ်သည်။…
